Stem and Leaf ကိုအသုံးပြုခြင်း

Range ကိုတွက်ခြင်း Range ကိုတွက်ရန်အတွက် အများဆုံးတန်ဖိုးထဲမှ အနည်းဆုံးတန်ဖိုးကိုနုတ်ပေးရမည်ဖြစ်သည်။ GeoGebra ဖြင့်တွက်မည်ဆိုပါက CAS တွင်ဖြစ်စေ၊ Algebra ထဲတွင်ဖြစ်စေ အများဆုံးနှင့် အနည်းဆုံး List တန်ဖိုးကိုခြားနားပေးခြင်းဖြင့် ယင်း၏ Range ကိုရှာနိုင်သည်။ List ကိုဖန်တီးလိုပါက { } ကြားထဲတွင် တန်ဖိုးများရေးသားပေးရမည်ဖြစ်သည်။ L = {11, 12, 15, 17, 20, 21, 13, 14, 18, 32, 39, 43, 43, 45, 46, 48, 50, 51, 56}  max(L)-min(L) Mean ကိုရှာခြင်း သမတ်ကိန်းကိုရှာရန်အတွက် ပေးထားသည့် List ကို mean command ဖြင့် ရှာပေးနိုင်သည်။ mean(L) Mode ကိုရှာခြင်း ကြိမ်များကိန်းကိုရှာလိုပါက ပေးထားသည့် List ကို mode command ဖြင့်ရှာပေးနိုင်သည်။ mean(L) Median ကိုရှာခြင်း အလယ်ကိန်းကိုရှာရန်အတွက် List ကို median command သုံး၍ရှာပေးနိုင်သည်။ median(L)