အပူကြောင့်ထုထည်များပွလာခြင်း

အပူချိန်ကြောင့် အရည်များ၊အငွေ့များ၏ထုထည်များတိုးပွားလာသည်။ အထူးသဖြင့် အရည်များသည် အပူကိုစုပ်ယူ၍ ပွလာတတ်ခြင်း၊ ဓာတ်ငွေ့များသည် အပူကိုစုပ်ယူ၍ပွလာတတ်ခြင်းစသည့်တို့ဖြစ်ပွားတတ်ပါသည်။ အေးသောနိုင်ငံများတွင် ရေပိုက်များကွဲအက်ရခြင်းသည် ရေ၏ထူးခြားသည့်သဘောသဘာဝကြောင့်ဖြစ်သည်။ ရေသည် 4 တွင်သိပ်သည်းဆအများဆုံးဖြစ်ပြီး ယင်းအပူချိန်၏အထက်အောက်တန်ဖိုးများတွင် ရေသည်ခဲသည်ဖြစ်စေ၊ ဆူပွက်သည်ဖြစ်စေထုထည်များပွလာမည်ဖြစ်သည်။ ထို့ကြောင့်အအေးခန်းထဲမှ ရေဘူးများကွဲအက်ရခြင်းသည် အလွန်အေးသည့်အပူချိန်တွင် ရေ၏ထုထည်ပွလာသောကြောင့်ဖြစ်သည်။